ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ၂၄.၁၂.၂၀၂၅ ရက်နေ့၌ တက္ကသိုလ်၏စုဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးတင်သိန်း၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ ပညာရည်ထူးချွန်ဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ project ထူးချွန်ဆုရကျောင်းသား/သူများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း နှင့် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။ထို့အပြင် သင်တန်းနှစ်အသီးသီးမှ ကျောင်းသား/သူများမှလည်း မြန်မာ့ရိုးရာအကအလှများ၊ တိုင်းရင်းသားပေါင်းစုံတို့၏အကများ၊ တေးသရုပ်ဖော်အကများ၊ K-Pop Dance များ၊ တေးသီချင်းသီဆိုမှုများ နှင့် ပြဇာတ်များဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။