၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသော ကျောင်းသား၊ကျောင်းသူများ စာရင်းထုတ်ပြန်ခြင်း
UCS-Tgoကွန်ပျူတာတက္ကသိုလ်(တောင်ငူ)
ကျောင်းအပ်နှံစဉ် ကျောင်းသားနှင့် တစ်ပါတည်းယူဆောင်လာရမည့် အချက်များ
၁။ မိဘနှစ်ပါးစလုံးနှင့် ကျောင်းသား/သူ၏ နိုင်ငံသားစိစစ်ရေးကတ်များမိတ္တူ(ကတ်အတိုင်းမိတ္တူကူးရန်)(၁)စုံ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးမည်။
၂။ အိမ်ထောင်စုဇယားမိတ္တူ(၁)စုံ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးမည်။
၃။ (၆) လအတွင်း ရိုက်ကူးထားသော (1” x 1”) အရွယ် ကာလာဓါတ်ပုံ(၅)ပုံ
ကျောင်းသား – ရှပ်အင်္ကျီအဖြူ(သို့မဟုတ်)လည်ကတုံးအဖြူ
ကျောင်းသူ – ရင်ဖုံးအင်္ကျီ(သို့မဟုတ်)မြန်မာအမျိုးသမီးအင်္ကျီ
၄။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်းမိတ္တူ(၁)စုံ။
၅။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံစာမူရင်း (သို့) အောင်လက်မှတ်မိတ္တူ(၁)စုံ။
၆။ ရပ်ကွက်ထောက်ခံစာ။
၇။ ပြစ်မှုကင်းရှင်းကြောင်းရဲစခန်းထောက်ခံစာ။